Author: Myanmar IT & Android App - M.I.A (နည်းပညာ)

M.I.A(နည်းပညာ) ပရိတ်သတ်များခင်ဗျာ

မင်္ဂလာညချမ်းလေးပါခင်ဗျာ …..

ကျွန်တော် နောက်တင်မည့် ပို့စ်တွေမှာ ဒီ ninjiaboylay.wordpress.com မှ မတင်တော့ပဲ http://ninjiaboylay.blogspot.com မှ ဆက်လက်တင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ http://ninjiaboylay.blogspot.com မှာ လေ့လာနိုင်ပါတယ်။

အားလုံးကျေးဇူးတင်ပါတယ်။

Blogger site ၀ါသနာပါသူများအတွက် blog siteဖန်တီးနည်း… လုပ်နည်း အပြည့်အစုံ

image

မိမိမှာ Gmail Account တစ်ခုရှိပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့်အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first pest

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger
မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် http://www.blogger.com မှာ Sign in

တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင်
http://www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ
Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com)
၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ
Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။
Step 2) Display Name (0r) Author Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။

Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့
အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။
သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက်
အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။
Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော

Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။
မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင်

အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့်
နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။
Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။

စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကိုမြင်ကြရုံဖြင့်

အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက
ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။
URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့်

မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။
အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။
အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။
မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com

ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။
Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ
ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။
Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။
လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။

ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက
တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု
ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊
လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue
တွင် Click တစ်ချက်နှိပ်လိုက်ပါ။
မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။

Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။
Step 4) Choose your Template

Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။

အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ
အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို
အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။
Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ

Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို
အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့်
ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။
အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့
စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။
မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။

Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။
Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။
Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create

လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ
Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင်
Click တစ်ချက်နှိပ်ပါ။
ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့

ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။
ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့်
အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။
ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။
ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊

စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင်
ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။
စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။

စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။
Post Title
ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။
မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။
Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ
ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။
Text Area

ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည်
မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။
ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။
ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ
လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။
မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။
Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။
Sign Out

Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍
လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင်
အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော
Sign out တွင် Click နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ http://www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။

ဤတွင်​ Blog တည်​​ထောင်​နည်း ပြီးပါပြီ..
အပိုင်း ၂ အ​နေနဲ့ မိမိတည်​​​ထောင်​ထားတဲ့ Blog Site​လေမှာ ​အလွယ်​တကူ ​ငွေရှာနည်း​လေးကိုလဲ အပိုင်း ၂ အ​နေနဲ့ ထပ်​မံတင်​​ပေးသွားပါအုံးမယ်​။

Share ​ပေးခြင်းဖြင့်​ကူညီပါ။

                       M.I.A ( နည်းပညာ )

TT Font Changer apk

image

Android ဖုန်း version 4.4.4 နဲ့ 6.0 တွေမှာ မြန်မာစာအဆင်ပြေပြေသွင်းပေးမဲ့ဒီကောင်လေးကို apk လေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကို Ko Than Toe Aung မှ ရေးသားမျှဝေပေးထားတာဖြစ်ပါတယ်။

apk ကိုအသုံးပြုနိုင်ရန်အတွက်က ဖုန်းမှာ Root ရှိမှအသုံးပြုနိုင်မှာပါ။ လိုအပ်မှု့ရှိပါက ရယူလိုက်ပါ။

                  DOWNLOAD HERE

SHAREit: File Transfer , Sharing apk

 

shareit-1068x601

File Sharing လုပ်တဲ့ apk လေးတစ်ခုဖြစ်တဲ့ SHAREit apk လေးကိုတော့

အသုံးပြုသူအနည်းငယ်သာ ရှိပါလိမ့်မယ်။ ဒီကောင်လေးကလဲ File Transfer လုပ်ရတာ

အဆင်ပြေပါတယ်။ Samsung တွေမှာတော့ Zapya နဲ့မကိုက်လို့ဆိုပြီး တော်တော်များများ

အသုံးပြုကြပါတယ်။ သုံးချင်သူများလဲ ရယူနိုင်ပါတယ်။

DOWNLOAD

မိမိတို့၏ Account password များကို ပြောင်းလဲအသုံးပြုသင့်

password

ပြောင်းလဲနေတဲ့ နည်းပညာလောကကြီးမှာ အမျိးမျိးသော Social network acoount များကို

လူတိုင်းလိုလိုအသုံးပြုနေကြပါတယ်။ အဲလိုအသုံးပြုရင်း အချို့ဟာ မိမိတို့ရဲ့ account များကို

Sign-in တစ်ခါဝင်ပြီး တော်တော်များများဟာ Sign-out ပြုလုပ်ခြင်းမရှိတာကိုတွေ့ရပါတယ်။

ဒီလိုအသုံးပြုခြင်းဟာ cofirmation နံပါတ်တွေနဲ့ activate လုပ်ပြီးသုံးရတဲ့ apk တွေတွက်တော့

အဆင်ပြေပေမဲ့ Account & Passwrod နဲ့သုံးရတဲ့ apk တွေအတွက်တော့ အဆင်မပြေလှပါဘူး။

အမျိုးစားများစွာရှိတဲ့အထဲက Facebook နဲ့နှိုင်းပြီးပြောပြပေးပါမယ်။ အချို့ဟာ Facebook ကို Sign-in

ဝင်ပြီး အချိန်ကြာမြင့်စွာအသုံးပြုရင်း Sign-out မပြုလုပ်တာကြာတော့ error တစ်ခုခုကြောင့်

Sign-in ပြန်ဝင်တဲ့အခါမှာ Password ကိုမေ့တက်ကြပါတယ်။ နောက်ပြီး password တစ်ခုထဲအမြဲ

တမ်းအသုံးပြုတာဟာ စိတ်မချရပါဘူး။ အချိန်မရွေး အမျိုးမျိုးသော ရန်ကိုလဲကြောက်ရပါသေးတယ်။

ဒါကြောင့် Account & Password တွဲဖက်အသုံးပြုရတဲ့ social network တွေမှာဆိုရင်

password လေးပြောင်းလဲအသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ password မေ့တက်ခြင်း ပြသနာကိုကာကွယ်

နိုင်ကြစေရန် အကြံပြုပေးလိုက်ပါတယ်။

Android Device များကို ADB ကနေ MTK / Qualcomm / SPD ခွဲခြားနည်း

chipset

Android Device များကို ADB ကနေ MTK / Qualcomm / SPD ခွဲခြားနည်းလေးကို

ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အောက်က command လေးအတိုင်း ရိုက်ပြီးစစ်လိုက်ပါ။

အရင်ဆုံး adb devices လိုရိုက်ပါ

Device သိရင်

adb shell လို့ရိုက်

Enter ခေါက်နောက်တစ်ကြောင်းက

  cat proc/cpuinfo လိုရိုက်ပါ

အဲ့တာဆိုရပါပြီ။

Credit >>> Ko Ye Htut Naung ( MyanmarXDA )

Vivo Y22 Root

vivo-y22

ViVo Y22 ကို root ပြုလုပ်ရခက်ခဲနေသူတွေအတွက် Root ပြုလုပ်နိုင်တဲ့

နေရာမှာ အလွယ်တကူဖြစ်စေရန် insecure boot လေးကိုမျှဝေပေးလိုက်ပါတယ်။

SP Flashtool ကနေ insecure boot လေးကို Flash ပေးပြီး အဆင်ပြေရာ Root Tool ,

Root apk လေးနဲ့ Root ဖောက်နိုင်ပါပြီ။ insecure boot အားလိုအပ်ပါက download ရယူပါ။

Download here

insecure boot upload >>> susutun

credit – all

Rom Helper v10.1.1508.04 (English Version)

rom-1068x683(2)

System.img , Boot.img တွေကိုခွဲတဲ့နေရာမှာ အသုံးပြုတဲ့ ROM Helper

လေးကို English version လေးနဲ့ထွက်ရှိလာလို့ တင်ပေးလိုက်ပါတယ်။

ဒီ Tool လေးပာာအရင်က China version အနေနဲ့သာထွက်ရှိထားတာ ဖြစ်ပါတယ်။

ဒီ Tool လေးကိုအသုံးပြုပြီး ROOT ပါတစ်ခါထဲ ထည့်လို့ရပါတယ်။ လိုအပ်ရင်တော့

download ရယူလိုက်ပါ။

             download here

Batman-Themed Galaxy S7 Edge Injustice Edition ထွက်ရှိလာတော့မည်

Samsung Galaxy S7 Edge ကြိုက်နှစ်သက်သူ Batman fan တွေအတွက် Batman-Themed Galaxy S7 Edge Injustice Edition ထွက်ရှိလာပါတော့မယ်။

Batman ဂိမ်းတစ်ခုဖြစ်တဲ့ Injustice: Gods Among Us ဂိမ်းထွက်ရှိခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် Samsung နဲ့Warner Bros တို့ကပူးပေါင်းထုတ်လုပ်မယ့် Batman Edition Samsung Galaxy S7 Edge ဖြစ်ပါတယ်။


ဖုန်းကိုယ်ထည်က အနက်ရောင်ဒီဇိုင်းဖြစ်ပေမယ့် သာမန် Samsung Galaxy S7 Edge အနက်ရောင် နဲ့ ဒီဇိုင်းကွဲပြားမှုရှိပြီး Batman-Themed Galaxy S7 Edge Injustice Edition ကတော့ ဖုန်းရဲ့ Home Button, Ear Speaker , ဖုန်းရဲ့နောက်ဘက်ခြမ်းက ကင်မရာနေရာ , ဖုန်းရဲ့နောက်ဘက်ခြမ်းက Samsung Logo အစား Batman Logo နေရာတို့မှာ ရွှေရောင်လေးနဲ့ဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းစနစ်တွေကိုလည်း Batman Theme နဲ့ပဲတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင်ဖုန်းဂျက်ဘူးထဲမှာ ရွှေရောင် Batman Logo တစ်ခု ၊ ဖုန်းကာဗာတစ်ခု ၊ Special Edition Gear VR တစ်ခု ၊ God Among Us Game Credit တို့ကိုလည်းတစ်ပါတည်းပါဝင်မှာဖြစ်ပါတယ်။ တရုတ် ၊ စင်ကာပူ ၊ ကိုရီးယား ၊ အမေရိက ၊ ရုရှား နဲ့အခြားနိုင်ငံအချို့တို့မှာ ၂၀၁၆ ဇွန်လအစပိုင်းမှာစတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၁၆ သိန်းဝန်းကျင်ခန့်ကျသင့်မယ်လို့ခန့်မှန်းရပါတယ်။ 

Samsung Galaxy S7 Edge Inuustice Edition အကြောင်းဗီဒီယိုကိုတော့အောက်မှာကြည့်ရှုနိုင်ပါတယ်။